နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးခူရ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများနှင့် ရခိုင်များထွက်၍ ရိုဟင်ဂျာ လူငယ် များကို ရိုက်နှက်

Sindi Khan
RB News
27.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ငါးခူရ ကျေးရွာ အုပ်စုရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီး များနှင့် ရခိုင် အစွန်းရောက် များက လမ်းမှ ဆိုင်ကယ်ဖြင့် သွားလာသည့် ရိုဟင်ဂျာ လူငယ် များကို အကြောင်းမဲ့ ရိုက်နှက်မှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ဇန်န၀ါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် မောင်တော မြို့နယ်၊ ငါးခူရ ကျေးရွာ အုပ်စု၊ ရေတွင်းကျွန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာ နေသည့် ရိုဟင်ဂျာ လူငယ် များကို အားထ်ဘာ (တီးဖ် ဖာရာ) ရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများနှင့် ရခိုင် အစွန်းရောက် များက အကြောင်းမဲ့ လက်သီးဖြင့်ထိုး၊ ခြေထောက် များဖြင့် ကန်ကာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထိုးကြိတ် ရိုက်နှက် ခံရသည့် ရေတွင်းကျွန်း ရွာသား များမှာ - 

(၁) ဦးကာဆိမ်း (ဘ) ဦးနူရ်ဟာရှီးမ် (အသက် ၃၈ နှစ်)
(၂) ဦးမူဟီ ဘုလ္လာ (ဘ) ဦးနူရ် အစ္စလာမ် (အသက် ၃၇ နှစ်)
(၃) ဦးမာမတ်ဆလာမ် (အသက် ၃၅ နှစ်) တို့ဖြစ်သည်။ 

ယင်းနေ့တွင်ပင် ရဲများက မော်လ၀ီ ကျောင်းသား တစ်ဦးကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်း ထဲသို့ ခေါ်ဆောင် သွားသည်ကို ရပ်မိရပ်ဖ တစ်ဦးက မြင်တွေ့ ခဲ့သော်လည်း မည်သူ မည်ဝါ ဖြစ်သည်ကို မသိရှိရ သေးကြောင်း၊ အဆိုပါ မော်လ၀ီ အသက် ရှင်ရှိ နေမည်လား၊ အသတ်ခံ ရမည်လား ဆိုသည်ကို စိုးရိမ်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။ 

ယခုလ အစောပိုင်းတွင် ရခိုင် လူမျိုး များကို လယ်ကွင်း များတွင် ပြည်သူ့စစ် သင်တန်း ပို့ချ ခဲ့သည်။ ယခင်က အာဏာပိုင် များက စခန်း များထဲသို့ ခေါ်၍ လျှို့ဝှက်စွာ သင်တန်း ပို့ချ ခဲ့သော်လည်း ယခု အခါ ပြောင်ပြောင် တင်းတင်း သင်တန်းများ ပေးနေသည်ဟု ဒေသခံ များက ပြောပါသည်။ 

ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် အကြောင်းမဲ့ ရိုက်နှက်သည်နှင့် ပတ်သက်၍ ဒေသခံ များက မလိုအပ်သည့် ပြဿနာများ ကြီးထွား လာမည်ကို စိုးရိမ်၍ သည်းခံ ခဲ့ရခြင်း ဖြစ်သည်ဟု ပြောပါသည်။


Comment ရေးရန်

Rohingya Exodus