သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ် ယူကရိန်း အရှေ့ပိုင်းမှာ ပျက်ကျ


ယူကရိန်းအေရေးပေါ်ကယ်ဆယ်ရေးဌာဝန်ထမ်းတွေ မလေးရှားလေယာဉ် ဘိုးရင်း 777 ပျက်ကျရာသို့ သွားရောက်ကြည့်ရှုစဉ်။ (ဂျူလိုင် ၁၇၊ ၂၀၁၄)
ယူကရိန်းအေရေးပေါ်ကယ်ဆယ်ရေးဌာဝန်ထမ်းတွေ မလေးရှားလေယာဉ် ဘိုးရင်း 777 ပျက်ကျရာသို့ သွားရောက်ကြည့်ရှုစဉ်။ (ဂျူလိုင် ၁၇၊ ၂၀၁၄)
နယ်သာလန်နိုင်ငံ Amsterdam မြို့ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အသွား ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk ဒေသမှာ မလေးရှားလေကြောင်းလိုင်းပိုင်လေယာဉ် ပျက်ကျသွားခဲ့တာဟာ အကြမ်းသမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ယူကရိန်းအစိုးရ အရာရှိတွေက ပြောပါတယ်။
လေယာဉ်ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Snizhne မြို့အနီးမှာ ကြာသပတေးနေ့က ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းနေတဲ့ ကွင်းပြင်ထဲမှာ ခရီးသည်တွေရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေနဲ့ လေယာဉ်ပျက် အပိုင်းအစတွေ ပြန့်ကျဲနေတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ လေယာဉ်ပေါ်ပါသွားသူ စုစုပေါင်း ၂၉၅ ယောက်ဟာလည်း အသက်ရှင်ကျန်ရစ်မယ့် အလားအလာ မရှိဘူးလို့ ဆိုပါတယ်။
ရုရှားလိုလားသူ ခွဲထွက်ရေးဝါဒီတစ်ဦး လေယာဉ်ပျက်ကို ကြည့်ရှုနေစဉ်။ (ဂျူလိုင် ၁၇၊ ၂၀၁၄)
ရုရှားလိုလားသူ ခွဲထွက်ရေးဝါဒီတစ်ဦး လေယာဉ်ပျက်ကို ကြည့်ရှုနေစဉ်။ (ဂျူလိုင် ၁၇၊ ၂၀၁၄)
အဲဒီ ဘိုးရင်း 777 လေယာဉ်ကိုရုရှားလိုလားတဲ့ အကြမ်းဖက်သမားတွေက မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချလိုက်တာဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာန အရာရှိ Anton Gerashchenko က ပြောပါတယ်။ ခွဲထွက်ရေးသူပုန်အဖွဲ့ခေါင်းဆောင်ကတော့ ယူကရိန်းအစိုးရ တိုက်လေယာဉ်က အဲဒီ မလေးရှားလေကြောင်းလိုင်း MH-17 ကို ပစ်ချလိုက်တာလို့ ပြောပါတယ်။
မလေးရှားလေကြောင်းလိုင်း ဘိုးရင်း 777
မလေးရှားလေကြောင်းလိုင်း ဘိုးရင်း 777
အမေရိကန် ဒုသမ္မတ Joe Biden လည်း ယူကရိန်းသမ္မတ Petro Poroshenko နဲ့ တယ်လီဖုန်းကတဆင့် စကားပြောကြားခဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေအတွက် အမေရိကန်ပြည်ထောင်စုက ကူညီမယ့်အကြောင်း ပြောခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီလေယာဉ်ပေါ်မှာ အမေရိကန်နိုင်ငံသားတွေ ပါသွားခြင်း ရှိမရှိ ဦးစားပေးစုံစမ်းဖို့ လိုအပ်ကြောင်းလည်း သမ္မတ Barack Obama က ပြောကြားလိုက်ပြီး အမေရိကန်နိုင်ငံအနေနဲ့ လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ဆုတောင်းပေးနေကြောင်း ပြောပါတယ်။
လေယာဉ် ဘာကြောင့် ပျက်ကျသွားတယ်ဆိုတဲ့အပေါ်မှာတော့ အမေရိကန်အရာရှိတွေက ထင်မြင်ချက်တစုံတရာ ပေးခြင်းမရှိခဲ့ပါဘူူး။
လေယာဉ်ပျက်ကျတဲ့အကြောင်း အရင် ကြိုတင်စီစဉ်ထားတဲ့အတိုင်း တယ်လီဖုန်းနဲ့ စကားပြောတဲ့အချိန် ရုရှားသမ္မတ Vladimir Putin က သမ္မတအိုဘားမားကို ဦးစွာ အသိပေး အကြောင်းကြားလိုက်တာ ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ ပျက်ကျသွားတဲ့ မလေးရှားလေယာဉ် ဓာတ်ပုံမှတ်တမ်း။

XS
SM
MD
LG