Skip to content

Latest commit

 

History

History
12 lines (7 loc) · 3.78 KB

File metadata and controls

12 lines (7 loc) · 3.78 KB

ဒီ ဆောင်းပါး series လေးရေးဖြစ်သွားတဲ့ အကြောင်း သို့ ဆောင်းပါးနိဂုံး

အစကတော့ ကိုယ့်ဘာသာပဲလေ့လာဖို့စဉ်းစားထားပြီးမှ အရှေ့မှာလဲ data structures series တစ်ခုရေးထားတာဆိုတော့ အခုလည်း OS series ရေးရင်ကောင်းမယ်ဆိုပြီး စိတ်ကူးပေါ်ရင်းနဲ့ရေးဖြစ်သွားတာပါ။ OS series ကတော့ DS series လောက်မများပါဘူး။ Operating system ကိုချဲ့ပြီးလေ့လာမယ်ဆိုရင်တော့ topic တော်တော်များပါတယ်။ ဒါပေမယ့် ကျနော်က programming perspective ဘက်ကနေပြီးကြည့်ပြီး programmer တွေအတွက် သိထားလို့ရှိရင် ပိုကောင်းနိုင်မယ့် အပိုင်းတွေကို ထုတ်နုတ်ပြီးရေးလိုက်တာပါ။ ဥပမာ Processes, threading, scheduling အကြောင်း တို့ memory management တို့ စသည်ဖြင့်ပေ့ါ။

မသိထားရင် program ရေးလို့မရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်သိထားလို့ရှိရင် ကိုယ်ရေးရတဲ့ code တွေက behind the scene မှာဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာ အသေးစိတ်ကြီး မဟုတ်ရင်တောင်မှ ယေဘုယျသဘောတရားတွေအနေနဲ့ အော် ငါဒီလိုရေးလိုက်ရင် OS level မှာ ဒီလိုဖြစ်သွားပါလားဆိုတာ သိနေလိမ့်မယ်။ ရှင်းရှင်းပြောရရင် ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာပိုပြီး ယုံကြည်မှုရှိလာမယ်ပေါ့ဗျာ။

အခု OS series မှာတော့ အခု conclusion ပါအပါမှ article 10 ခုပဲရှိမယ်ဗျ။ အာမခံပေးနိုင်တာကတော့ အပေါ်မှာပြောခဲ့သလိုပဲ programs တွေ run သွားပြီဆို behind the scene OS level မှာဘယ်လိုဖြစ်သွားတယ်ဆိုတာကို abstraction ကောင်းကောင်းရသွားမယ်လို့ ယုံကြည်ပါတယ်။ memory management အကြောင်းတို့ virtual memory အကြောင်းတို့ကိုလည်း ပိုပြီး သိသွားတာပေါ့။ article တိုင်းမှာ ထပ်ပြီး detail လေ့လာချင်သေးရင် ဘာတွေထပ်လေ့လာလို့ရသေးတယ်ဆိုတာကိုပါ suggestion ပေးထားပါတယ်။ OS ကို detail ထပ်လေ့လာချင်သေးတယ်ဆိုရင် online course တစ်ခုကိုလည်း recommend လုပ်လိုက်ပါတယ်။ (https://www.udacity.com/course/introduction-to-operating-systems--ud923)

See You Later

References/Research လုပ်ထားတာက တော့ medium , geekforgeeks နဲ့ တစ်ခြား website တွေက article တွေကပဲဖြစ်ပါတယ်။