သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘာသာရေးလွတ်လပ်ခွင့် Tier 1 အဆင့် ဆက်ထားဖို့ USCIRF အစီရင်ခံစာမှာ ဖော်ပြ


USCIRF ၂၀၁၆ အစီရင်ခံစာ
USCIRF ၂၀၁၆ အစီရင်ခံစာ

ဘာသာရေးလွတ်လပ်ခွင့်အဆင့်မှာ မြန်မာနိုင်ငံကို Tier 1 အဆင့်ထဲ ဆက်ပြီးသတ်မှတ်ဖို့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF က ထောက်ခံ တင်ပြလိုက်ပါတယ်။

အထူးသဖြင့် စိုးရိမ်မှုရှိတဲ့နိုင်ငံများစာရင်း CPC ထဲမှာ တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီ အာရေးဘီးယား၊ ဆူဒန်၊ တာ့ခ်မေနစ္စတန်၊ ဥဇဘက်ကစ္စတန်တို့နဲ့အတူ မြန်မာနိုင်ငံကိုလည်း ဆက်ပြီး ထည့်သွင်း သတ်မှတ်ဖို့ USCIRF ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ တင်ပြထားတာပါ။

Tier 1 အဆင့်မှာ ဆက်ပြီးသတ်မှတ်ဖို့ ထောက်ခံတင်ပြတဲ့ အဓိကအကြောင်းကတော့ ရိုဟင်ဂျာ မူစလင်တွေအပေါ် ခွဲခြား ဆက်ဆံမှုတွေ ဆက်ရှိနေတာကြောင့်လို့ USCIRF ရဲ့အစီရင်ခံစာမှာဖော်ထားပါတယ်။

နိုင်ငံတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်အဆင့်ကို သတ်မှတ်တာမှာ Tier 1 နဲ့ Tier2 အဆင့် ၂ ဆင့်ရှိပြီး Tier 1 ကတော့ ပိုဆိုးတဲ့အဆင့်ဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာလည်း ဘာသာရေးလွတ်လပ်ခွင့်အခြေအနေဟာ ဆိုးရွားနေဆဲပဲလို့ ဒီအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ အထူးသဖြင့်တော့ အစ္စလာမ်နိုင်ငံတွေက အခြေအနေတွေကို အထူး ထောက်ပြထားတာပါ။

ကမ္ဘာတဝန်းမှာ အစိုးရတွေဟာ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အထူးသဖြင့်တော့ လူနည်းစု ဘာသာရေးအစုအဖွဲ့တွေနဲ့ အဲဒီတိုင်းပြည်တခုခုက အစဉ်အလာ ကိုးကွယ်ယုံကြည်လာတာမဟုတ်တဲ့ ဘာသာရေးတွေအပေါ် ထိန်းချုပ်မှုတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်လာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Tier 2 အဆင့်နိုင်ငံတွေအဖြစ်တော့ အာဖဂန် နစ္စတန် ၊ အဇာဘိုင်ဂျန်၊ ကျူးဘား ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကစ္စတန်၊ လာအို၊ မလေးရှား၊ ရုရှားနဲ့ တူရကီတွေကို သတ်မှတ်ဖို့ အကြံပြုဖော်ပြထားပါတယ်။ USCIRF ဟာ ပါတီစွဲကင်းပြီး သီးခြားလွတ်လပ်တဲ့ အမေရိကန် ဖက်ဒရယ်အဆင့် အဖွဲ့အစည်းတခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG