အင်ဒိုနီးရှား အမျိုးသမီး အစာကျွေးရင်း ကန်ထဲပြုတ်ကျသွားရာက အိမ်မွေးမိကျောင်း အကိုက်ခံရ၍ သေဆုံး

အင်ဒိုနီးရှား အမျိုးသမီး အစာကျွေးရင်း ကန်ထဲပြုတ်ကျသွားရာက အိမ်မွေးမိကျောင်း အကိုက်ခံရ၍ သေဆုံး

ဆူလာဝါစီပြည်နယ်မှာ အင်ဒိုနီးရှား အမျိုးသမီးတစ်ယောက်ဟာ လှောင်ကန်ထဲ ပြုတ်ကျသွားပြီးနောက်မှာ အိမ်မွေးမိကျောင်းက ကိုက်ဆွဲလို့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေစီ တူဝို (၄၄ နှစ်) ဟာ သူမအလုပ်လုပ်တဲ့ ပုလဲမွေးမြူရေးကန်မှာ တရားမဝင် မွေးမြူထားတဲ့ မိကျောင်းကို အစာကျွေးနေရင်းနဲ့ လှောင်ကန်ထဲကို ပြုတ်ကျသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မယ်ရီ လို့ အမည်ရတဲ့ ၇၀၀ ကီလိုဂရမ်လောက် အလေးချိန်ရှိတဲ့ မိကျောင်းက သူမရဲ့ လက်မောင်းနဲ့ ဝမ်းဗိုက်နေရာ အတော်များများကို ကိုက်ဖဲ့ပစ်ခဲ့တယ်လို့ ဆိုပါတယ်။အာဏာပိုင်တွေက ပိုင်ရှင်ကို လိုက်ရှာနေတုန်းမှာပဲ မိကျောင်းကို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနကို ပို့လိုက်ကြတယ်လို့ ဆိုပါတယ်။

မစ္စတူဝို ဟာ ပုလဲမွေးမြူရေးဌာနက ဓာတ်ခွဲခန်းမှူးဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်နေ့က မယ်ရီ ကို အစာကျွေးနေတုန်းမှာ မိကျောင်းကန်ထဲကို ပြုတ်ကျသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမရဲ့ ရုပ်အလောင်းကို နောက်နေ့ နံနက်ခင်းကျမှပဲ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြောက် ဆူလဝါစီ သဘာဝရင်းမြစ် ထိန်းသိမ်းရေး အေဂျင်စီမှ ဟင်းဒရစ် ရွန်ဒင်ဂန် က ဘီဘီစီကို ပြောကြားရာမှာတော့ အရင်တုန်းက အာဏာပိုင်တွေက မိကျောင်းကို ဖယ်ရှားဖို့အတွက် ဌာနထဲကို အကြိမ်ကြိမ်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

အခုတော့ ပုလဲမွေးမြူရေးဌာနကိုရော မိကျောင်းကိုပါ ပိုင်ဆိုင်တဲ့ ဂျပန်နိုင်ငံသားကို ရဲတပ်ဖွဲ့က ခြေရာခံဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

NZT
ဘီဘီစီ
ဂျကာတာ၊ ဇန်နဝါရီ - ၁၇

( Zawgyi )

ဆူလာဝါစီျပည္နယ္မွာ အင္ဒိုနီးရွား အမ်ိဳးသမီးတစ္ေယာက္ဟာ ေလွာင္ကန္ထဲ ျပဳတ္က်သြားၿပီးေနာက္မွာ အိမ္ေမြးမိေက်ာင္းက ကိုက္ဆြဲလို႔ ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။

ေဒစီ တူဝို (၄၄ ႏွစ္) ဟာ သူမအလုပ္လုပ္တဲ့ ပုလဲေမြးျမဴေရးကန္မွာ တရားမဝင္ ေမြးျမဴထားတဲ့ မိေက်ာင္းကို အစာေကြၽးေနရင္းနဲ႔ ေလွာင္ကန္ထဲကို ျပဳတ္က်သြားခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

မယ္ရီ လို႔ အမည္ရတဲ့ ၇၀၀ ကီလိုဂရမ္ေလာက္ အေလးခ်ိန္ရွိတဲ့ မိေက်ာင္းက သူမရဲ႕ လက္ေမာင္းနဲ႔ ဝမ္းဗိုက္ေနရာ အေတာ္မ်ားမ်ားကို ကိုက္ဖဲ့ပစ္ခဲ့တယ္လို႔ ဆိုပါတယ္။အာဏာပိုင္ေတြက ပိုင္ရွင္ကို လိုက္ရွာေနတုန္းမွာပဲ မိေက်ာင္းကို ေတာ႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရးဌာနကို ပို႔လိုက္ၾကတယ္လို႔ ဆိုပါတယ္။

မစၥတူဝို ဟာ ပုလဲေမြးျမဴေရးဌာနက ဓာတ္ခြဲခန္းမႉးျဖစ္ၿပီး ဇန္နဝါရီ ၁၀ ရက္ေန႔က မယ္ရီ ကို အစာေကြၽးေနတုန္းမွာ မိေက်ာင္းကန္ထဲကို ျပဳတ္က်သြားခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြက သူမရဲ႕ ႐ုပ္အေလာင္းကို ေနာက္ေန႔ နံနက္ခင္းက်မွပဲ ေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ေျမာက္ ဆူလဝါစီ သဘာဝရင္းျမစ္ ထိန္းသိမ္းေရး ေအဂ်င္စီမွ ဟင္းဒရစ္ ႐ြန္ဒင္ဂန္ က ဘီဘီစီကို ေျပာၾကားရာမွာေတာ့ အရင္တုန္းက အာဏာပိုင္ေတြက မိေက်ာင္းကို ဖယ္ရွားဖို႔အတြက္ ဌာနထဲကို အႀကိမ္ႀကိမ္ဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္လည္း ခြင့္မျပဳခဲ့ဘူးလို႔ ဆိုပါတယ္။

အခုေတာ့ ပုလဲေမြးျမဴေရးဌာနကိုေရာ မိေက်ာင္းကိုပါ ပိုင္ဆိုင္တဲ့ ဂ်ပန္ႏိုင္ငံသားကို ရဲတပ္ဖြဲ႕က ေျခရာခံဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။

NZT
ဘီဘီစီ
ဂ်ကာတာ၊ ဇန္နဝါရီ - ၁၇