Tuesday, April 23, 2024

ရွှေလီကတိုက်ပွဲ အစိုးရတပ်အချင်းချင်းပစ်ခတ်မှုဖြစ်ကြောင်း RCSS/SSA ပြော

Must read

ယမန်နေ့ညနေပိုင်းက တရုတ်နယ်စပ်နမ့်ခမ်းမြို့တွင် ဖြစ်ပွါးသော ပစ်ခတ်တိုက်ခိုက်မှုတွင် အစိုးရတပ်မတော်ဘက်ကအချင်းချင်း ပစ်ခတ်မှုသာဖြစ်ကြောင်း RCSS/SSA ဘက်က ထုတ်ပြန်သည်။

RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက – “သျှမ်းပြည်မြောက်ပိုင်းကို အင်အားဖြည့်ပြီးတက်လာတဲ့ အစိုးရတပ်အချင်းချင်းက သြဂုတ်လ ၃ ရက်နေ့ညပိုင်းမှာ အရက်မူးပြီး စကားများရန်ဖြစ်ကြတယ်။ ၄ ရက်နေ့ နေ့လည်ပိုင်းကျတော့ သူတို့အချင်းချင်း ပစ်ခတ်ကြတယ်။ အဲ့နေ့ညနေ ပိုင်းကတော့  ဗမာစစ်တပ်တဖက်တည်းသာသေနတ်ပစ်ခတ်တယ်။ တောထဲတောင်ထဲလျှောက်ပစ်တာ။ RCSS/SSA နဲ့ပစ်ခတ်တာမဟုတ်ဘူး” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မူစယ်မြို့နယ် မန့်ဟီးရိုး (မန့်ဟျိုး)မြို့နယ်ခွဲတွင် အစိုးရတပ်မတော် တပ်မ ၈၈ နှင့် ရဲတပ်ဖွဲ့တို့ အပြင်သြဂုတ်လဆန်းပိုင်းက တပ်မ ၇၇ ကအင်အားဖြည့်တင်း၀င်လာခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၄ ရက်နေ့က တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ တပ်ရင်းမှူးနှင့် ရဲမှူးတို့ကေဒသခံလူထု၏ ကားကိုယူဆောင်မောင်းနှင်လာစဉ် အင်အားဖြည့်တင်းလာသော  စစ်တပ်က ပစ်ခတ်သဖြင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိခဲ့သည်။ လူထု၏ကားလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံ စိုင်းအောင်က ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုအသံကြောင့် ဒေသခံများတရုတ်ဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တရုတ်အစိုးရဘက်မှလည်းနယ်စပ်တလျှောက်သို့ လုံခြုံရေးအင်အားဖြည့်တင်းထားကြောင်းဒေသခံများပြောပြချက်အရသိရသည်။

အဆိုပါဒေသတွင် ယခင်ကတည်းက RCSS/SSA ကအခြေစိုက်လှုပ်ရှားနေသည်သာမက  SSPP/SSA လည်း ရောက်ရှိလှုပ်ရှားနေပါသည်။ သို့သော် ၂ ဖွဲ့စလုံးကမူ အစိုးရစစ်တပ် အင်အားဖြည့်တင်းလာသည့် လဆန်းပိုင်းကတည်းက တိုက်ပွဲမဖြစ်ပွါးစေရေး တိမ်းရှောင်ထားနှင့်ပြီးဖြစ်ကြောင်း ကြေငြာထားခဲ့ကြပြီးဖြစ်သည်။

အဆိုပါအစိုးရစစ်တပ်အချင်းချင်းပစ်ခတ်မှုတွင် ဟတ်ဟင်ဒေသခံတဉီး သေနတ်ကျည်ဆံထိမိဒဏ်ရာရရှိခဲ့ပြီးရွာသားတို့၏နေအိမ်နှင့် ကား တော်တော်များများလည်း ကျည်ဆံထိမိပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article