စစ်ကိုင်းတိုင်းအတွင်းရှိ Non-CDMတွေကို အလင်း၀င်ရောက်ကြဖို့ NUGထုတ်ပြန်

0
304

စစ်ကိုင်း၊ နို၀င်ဘာ ၁၇

တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီ လက်‌အောက်ခံ Non-CDM ၀န်ထမ်း​တွေကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေမှာ အလင်း၀င်ရောက်ကြဖို့ အမျိူသားညီညွတ်ရေး အစိုးရက အမိန့်ကြေညာစာထုတ်ပြန်လိုက်ပါတယ်။

အဲဒီအမိန့်ကြေညာစာကို နိုဝင်ဘာလ ၁၆ရက်နေ့က ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲ တိုက်ပွဲ‌တွေ ဆင်နွှဲနေနေတဲ့ တော် လှန်ရေးအင်အားစုတွေက မြန်မာနိုင်ငံအနှံမှာ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်အဟုန်မြင့်မားစွာနဲ့ “လုထုတော်လှန် ရေးလှိုင်း” တစ်လှိုင်းပြီးတစ်လှိုင်း လှုပ်ရှားနေကြတာပါ။

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ၀န်ထမ်းတွေအနေနဲ့ ဌာနဆိုင်ရာ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေမှာ အပ်နှံပြီး အလင်း၀င်ရောက်ကြဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

Non-CDM ၀န်ထမ်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရကပေးတဲ့ နောက်ဆုံးအခွင့်အရးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေအရ ပြင်းထွန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.