နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်နိုင်ဂါထာခေါ် ဥပ္ပါတသန္တိပရိတ်တော်ကို ၂၇ ရက်တိတိ ရွတ်ဖတ်ယတြာချေ

0
85

ရန်ကုန်၊ ဇန်န‌‌ဝါရီ ၁၀

“၁၀၂၇ စစ်ဆင်ရေး”နဲ့ အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး တိုက်ပွဲတွေမှာ စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်နိုင်ဂါထာလို့ခေါ်တဲ့ “ဥပ္ပါတသန္တိ ပရိတ်တော်” ကို မြို့နယ်အ လိုက် ၂၇ ရက်တိတိ ရွတ်ဖတ်ယတြာချေခိုင်းနေတယ်လို့ သိရပါတယ်။

အခု ၂၀၂၄ ခုနှစ် နှစ်စမှာတင် ရှမ်းမြောက်ရှိ ဒကစ (လောက်ကိုင်) တစ်ခုလုံး MNDAA ထံ လက် နက်ချအညံ့ခံခဲ့သလို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာလည်း စစ်ကောင်စီတပ်သား ၂၀၀ ကျော် လက်နက်ချအညံ့ခံခဲ့ပြီး တပ်စခန်းတွေလည်း တစ်ခုပြီးတစ်ခု လက်လွတ်ဆုံးရှုံးထားပါတယ်။

ဒါအပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်သား ၂၅၀ ကျော်ဟာ အိန္ဒိယဘက်သို့ စခန်းစွန့်ထွက်ပြေးမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီဘက်က ရှေ့တန်းတိုက်ပွဲတိုင်းမှာ လက်နက်ချ အညံ့ခံမှုတွေ၊ စခန်းစွန့်ခွာ ထွက် ပြေးမှုတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် ရှေ့တန်းစစ်‌မြေပြင်နဲ့ နောက်တန်းပါမချန် စစ်နိုင်ရေးအတွက် ယ တြာတွေ တစ်မျိုးပြီးတစ်မျိုး ပြုလုပ်နေတာပါ။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ စစ်နိုင်ဂါထာခေါ် “ဥပ္ပါတသန္တိ ပရိတ်တော်” ကို ဇန်န ဝါရီ ၉ ရက်နေ့ကစပြီး မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ကိုးနဝင်းကြေအောင် ၂၇ ရက်တိတိ တပြိုင်တည်း ရွတ်ဖတ်ယတြာ ချေခိုင်းနေတယ်လို့ သိရပါတယ်။

အဲဒီလို စစ်ကောင်စီက အမိန့်ပေးစေခိုင်းထားတဲ့ “ဥပ္ပါတသန္တိ ပရိတ်တော်” ရွတ်ဖတ်ယတြာချေပွဲမှာ ထားရှိရမယ့် ဘုရားရုပ်တု၊ နတ်မင်းကြီးရုပ်တုတွေကိုလည်း စနစ်စကျ ညွှန်ကြားထားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း စစ်ကောင်စီရဲ့ နောက်တန်းမှာရှိတဲ့ တပ်မိသားစုဝင်တွေ ယောဂီ ဝတ် စုံဝတ်ဆင်ပြီး မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဖတ်ခဲ့ကြပါသေးတယ်။

ဒါအပြင် အရှေ့တောင်တိုင်းနယ်မြေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အတွင်းမှာ ဖရုံသီးယတြာဆိုပြီး လက်လွတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်လည်သိမ်းယူနိုင်ရေးအတွက် ပြုလုပ်ခဲ့ပြန်ပါတယ်။

စစ်ကောင်စီက နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ယတြာမှာတော့ ဘုန်းကြီး ၂၇ ပါးကို ပင့်ပြီး အသံမစဲ မဟာပဌာန်းရွတ်ဖတ်သလိုမျိုး ဥပ္ပါတသန္တိ ပရိတ်ကို ၂၇၁ ခေါက် ရွတ်ဖတ်ရဖို့အတွက် ညွှန်ကြားထားတာလို့ သိရပါတယ်။

ဒါအပြင် ရန်ကုန်တိုင်း အတွင်းရှိ ဘုရားစေတီတွေမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ၁၀၉ ဦးကိုလည်း စစ်ကောင်စီက နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို သွားရောက် ဖူးမျှော်စေခဲ့တာကို စစ်တပ်ပိုင် မြဝတီရုပ်သံထုတ်လွှင့်မှုအရ တွေ့ရပါတယ်။

အခုလို စစ်ကောင်စီက ယတြာတွေတစ်မျိုးပြီးတစ်မျိုး နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ပေမယ့်လည်း မြို့တွေနဲ့ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို လက်လွတ်ဆုံးရှုံးနေကြောင်းလည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.