တော်လှန်နေတာချင်းအတူတူ၊ အသက်ပေးနေရတာချင်းအတူတူ တိုင်းဆိုတဲ့ဖက်ဒရယ်ယူနစ်တွေက ပြည်နယ် ဖက်ဒရယ်ယူနစ်တွေကဲ့သို့ နိုင်ငံရေးတန်းတူ၊ နိုင်ငံရေးအဆင့်အ တန်း မရှိဘူးလားဆိုတဲ့ မေးစရာတစ်ခုလည်း ဖြစ်လာပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုအလုပ်ကော်မတီကနေ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့ကနေ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အင်္ဂါရပ်တွေနဲ့အညီ တိုင်းလွှတ်တော်ခေါ်ယူကျင်းပခဲ့တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါ တယ်။

အဲဒီလွှတ်တော်အတွင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကို ရွေးကောက်တင်မြှောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်တဲ့ ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါ်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုခဲ့တယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် NLD အတည်ပြုတဲ့ ကြားကာလပြင်ဆင်‌ရေး ဥပဒေမူကြမ်းအပေါ် ဘယ်လိုမြင်ပါသလဲ။ တော်လှန်ရေး အင်အားစုတွေရဲ့ သဘောထား၊ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် –  အရင်ဆုံး NLD ပါတီက တိုင်း ၃ ခုမှာ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ဖို့ ပြင်ဆင်ရေး ဥပဒေကြမ်းအတည်ပြုမှုအပေါ် စစ်ကိုင်းဖိုရမ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ကိုစိုးဝင်းဆွေ – ဒီဥပဒေအပေါ် စစ်ကိုင်းဖိုရမ်အနေနဲ့ ဘယ်လိုမြင်လဲဆို ဒီဟာနဲ့ပတ်သက်လို့ ကြေညာချက်လည်း ထုတ်ပြန်ထားပြီးသား ဖြစ်တယ်။ အဓိကအချက်လေးချက်ကို ကျွန်တော်တို့ တင်ပြထားတာရှိပါတယ်။ ပထမအချက်က ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်နဲ့ကိုက်ညီမှု ရှိမရှိပေါ့။ ကျွန်တော်တို့ နားလည်တာက ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်သည် တော်လှန်ရေးမှာ အမြင့်ဆုံးသော နိုင်ငံရေးမူဘောင်ပဲ။ အမြင့်ဆုံးသော သဘောတူညီ ချက်ပဲဗျာ။ ဒီလမ်းပြမြေပုံနဲ့အညီ တော်လှန်ရေးမှာစုဖွဲ့လှုပ်ရှားမှုတွေက ကိုက်ညီသင့်တယ်လို့ ယူဆတယ်။ ဥပဒေကြမ်းပြဌာန်းလိုက်တဲ့ ကိစ္စသည် ပဋိဉာဉ်အစိတ်အပိုင်း၁မှာပါတဲ့ စုပေါင်းဦးဆောင်မှုဆိုတဲ့ကိစ္စ၊ အဲဒီကိစ္စ နဲ့ရော ကိုက်ညီမှုရှိလား။ ပြန်ပြီးတော့ ဆန်းစစ်ရမယ့် ကိစ္စ‌တွေရှိတယ်။ ဘာကြောင့်ဆို စုပေါင်းဦးဆောင်မှုဆိုတဲ့ သဘောက ကိုယ့်ဘာသာအိမ်အရင်ဆောက်ပြီး ငါတို့အိမ်ဆောက်ထားတယ်။ မင်းတို့လည်း လာနေပိုင်ခွင့်ရှိတယ်။ လာနေကြဆိုတဲ့ပုံစံမျိုးက စုပေါင်းဦးဆောင်မှု မဟုတ်ဘူးဗျ။ အိမ်ဆောက်ကတည်းက ငါတို့အတူတူ ဆောက်ကြမယ်။ အတူတူနေကြမယ်ဆိုတဲ့ စဉ်းစားချက်သာလျှင် စုပေါင်းဦးဆောင်မှု ၊ စုပေါင်းခေါင်းဆောင်မှု သဘောဆောင်တာပေါ့။

လောလောဆယ် ရွေးကောက်ခံအစုအဖွဲ့ တစ်စုကနေ ၂၀၀၈အခြေခံဥပဒေအောက်ကနေ လွှတ်တော်ခေါ်ယူ ပြီးတော့ ဥပဒေကိုအတည်ပြုတယ်ဆိုတာကတော့ စုပေါင်းဦးဆောင်တဲ့အသွင်သဏ္ဍာန် မဆောင်ဘူးလို့ ကျွန် တော်တို့ နားလည်ပါတယ်။ နောက်တစ်ချက်က ဖက်ဒရယ်ဒီမိုကရေစီအစိတ်အပိုင်း၂၊ အပိုင်း၅၃မှာလည်း ပြည်နယ်ဖက်ဒရယ်ယူနစ်များရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေကို အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ ညှိနှိုင်းဆောင်ရွက်မည်လို့ ပါပါတယ်။ လက်ရှိဥပဒေပြုတဲ့ကိစ္စသည် NUCCမှာ ညှိနှိုင်းဆောင်ရွက်ခြင်း ရှိမရှိပေါ့ဗျာ။ မရှိရင်တော့ CHARTERနဲ့ကိုက်ညီမှု မရှိဘူးလို့ကျွန်တော်တို့  ပြောလို့ရမှာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – NLD အတည်ပြုတဲ့ ကြားကာလပြင်ဆင်‌ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား မှတ်ချက်ပြုလိုပါသလဲ။

ကိုစိုးဝင်းဆွေ – နောက်တစ်ချက်က ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပေါ်ပေါက်လာတဲ့လမ်းကြောင်းကိုပဲ ကြည့်ကြည့် ချင်းတို့၊ ကရင်နီတို့ ပြည်နယ်ဖက်ဒရယ်ယူနစ်တွေရဲ့ ကြားကာလအစီအမံရေးဆွဲခဲ့တာတွေကိုပဲ ကြည့် ကြည့်ပေါ့။ ဘာကိုတွေ့ရလဲဆိုတော့ ၂၀၂၀ရွေးကောက်ခံအစုအဖွဲ့ တစ်ခုတည်းကိုပဲ ဗဟိုပြုပြီးလုပ် ဆောင်ခဲ့ တာမရှိဘူး။ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ဆိုရင် ဒါအကြမ်းရေးပေးတာနဲ့ ပြည်သူ့ညီလာခံခေါ်ယူပြီးမှ ညီလာ ခံမှာ အတည်ပြုခဲ့တာ။ CRPH လွှတ်တော်မှာ လာပြီးအတည်ပြုခဲ့တာမဟုတ်ဘူး။ အဲဒီလိုပဲ ချင်းတို့ ကရင်နီတို့ ကြားကာလအစီအမံတွေကလည်း သူတို့ရဲ့ သက်ဆိုင်ရာပြည်နယ်လွှတ်တော်တွေမှာ အတည်ပြုခဲ့တာ မဟုတ် ဘူး။ ဒါပေမယ့် လောလောဆယ်မှာတော့ ဒီတိုင်းတွေမှာရှိတဲ့ ကြားကာလအစီအမံနဲ့ ပတ်သက်တဲ့ ဒီဇိုင်းက တော့ နောက်ဆုံးအချုပ်က တိုင်းလွှတ်တော်မှာလာပြီး အတည်ပြုရမယ်ဆိုတဲ့ပုံစံနဲ့ လာချုပ်တယ်။ တော်လှန်နေတာ ချင်းအတူတူ၊ အသက်ပေးနေရတာချင်းအတူတူ တိုင်းဆိုတဲ့ဖက်ဒရယ်ယူနစ်တွေက ပြည်နယ်ဖက်ဒရယ်ယူ နစ်တွေကဲ့သို့ နိုင်ငံရေးတန်းတူ ၊ နိုင်ငံရေးအဆင့်အတန်း မရှိဘူးလားဆိုတဲ့ မေးစရာတစ်ခုလည်း ဖြစ်လာပါတယ်။

နောက်တစ်ချက်က ဘယ်မှာတွေ့လာရလဲဆိုတာ အခြေခံဥပဒေဆွဲတယ်ဆိုတာ သာမန်ဥပဒေမဟုတ်ဘူး။ အခြေခံဥပဒေအောက်က ဥပဒေပြုတဲ့ကိစ္စမဟုတ်ဘူးဗျ။ အခြေခံဥပဒေဆိုတာ ဥပဒေတွေအားလုံးရဲ့ အချုပ် ဥပဒေဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရရင် တိုင်းပြည်ကိုပြုနေတဲ့ ဥပဒေဖြစ်တယ်။ ကြားကာလပဲပြောပြော အသွင်ကူးပြောင်းရေးကာလပဲပြောပြော တိုင်းတစ်ခုရဲ့ ဥပဒေပြဌာန်းတယ်ဆိုတာ အဲဒီတိုင်းသို့ ဖက်ဒရယ်ယူ နစ်ကို ပြန်လည်တည်ဆောက်တဲ့ပြုတဲ့ဥပဒေဖြစ်တယ်။ အဲလိုတိုင်းပြုပြည်ပြုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကိုပေါ့ဗျာ ရေးဆွဲတဲ့နေရာမှာ အခြေခံဥပဒေတစ်ခုအောက်ကနေ ဖြစ်တည်လာတဲ့ လွှတ်တော်တစ်ရပ်ကနေ ဆွဲခွင့်ရှိမရှိ ဆိုတဲ့ ကိစ္စကလည်း ကျွန်တော်တို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမှာလည်း ဒီလိုမျိုးအခြေခံဥပဒေ အောက်က ဖြစ်တည်ထားတဲ့ လွှတ်တော်ကနေ နောက်ထပ်အခြေခံဥပဒေတစ်ခုကို ဆွဲတယ်ဆိုတာမျိုးက ကမ္ဘာ မှာလည်း ကျွန်တော်တို့ လေ့လာမိသလောက်တော့ မတွေ့ဖူးဘူးပေါ့ဗျာ။ ဒီအချက်တွေကို ကြည့်ချင်းအားဖြင့် တိုင်းဒေသကြီးလွှတ်တော်ဆိုတဲ့ လွှတ်တော်တွေကနေ ကြားကာလအခြေခံမူကြမ်းနဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှု ဆိုင်ရာဥပဒေကြမ်းကို ရေးဆွဲလိုက်တဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ တော်တော်လေးကို စိုးရိမ်မှု ဖြစ်မိပါတယ်။

သံလွင်တိုင်းမ် – ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုအခင်းအကျင်း ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုအင်အားစုတွေနဲ့ ရေးဆွဲဖို့ သင့်တော်တယ်လို့ မြင်ပါသလဲ။

ကိုစိုးဝင်းဆွေ – အခြေခံဥပဒေဆိုင်ရာ တိုင်းပြုပြည်ပြုကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာတော့ ရွေးကောက်ခံ အစုအဖွဲ့နဲ့ မလုံလောက်တဲ့အတွက်ကြောင့် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးပြီးတော့ ပြည်သူ့ဆန္ဒခံယူပွဲ တွေမှာ အတည်ပြုရတာရှိတယ်။ ပြည်သူ့ညီလာခံတွေခေါ်ပြီး ရေးဆွဲရတာ အတည်ပြုရတာရှိတယ်။ ကျွန်တော် တို့ကတော့ ဒီလမ်းစဉ်ဒီလမ်းကြောင်းကိုပဲ ယုံကြည်ပါတယ်။ တိုင်းတစ်ခုရဲ့ အခြေခံဥပဒေတစ်ခုကို ရေးဆွဲ တယ်။ ပြဌာန်းတယ်။ အတည်ပြုတယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေဟာ ဒီတိုင်းမှာရှိတဲ့ အင်အားစုတွေအားလုံး ပါဝင်တဲ့ ညီလာခံသို့ ဖိုရမ်တစ်ရပ်ခေါ်ယူပြီးမှ ရေးဆွဲပြဌာန်းအတည်ပြုတာတွေ ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.