သတင်း

ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို KPDF စောင့်ကြိုတိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့ အောက်လေးလမ်းဆုံဂိတ်က ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့ ဒီကနေ့ မနက် ၈နာရီခွဲအချိန်မှာ ရွှေကူအောက်လေးလမ်းဆုံမှာ တပ်ချထားတဲ့စစ်ကောင်စီစစ်သားတွေထဲကနေ အင်အား ၃၀ ဝန်းကျင်လောက်ဟာ ဝင်ဝကျေးရွာဘက်ကို စစ်ကြောင်းထွက်ခွာလာချိန် စောင့်ကြိုတိုက်ခိုက်ခံလိုက်ရတာ ဖြစ်တယ်လို့ ရွှေကူမြို့နယ်ပကဖ မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

ဒီဘက်ကိုထွက်ခဲ့တော့ မနေ့ညကတည်းက စောင့်နေတဲ့အဖွဲ့က စောင့်ပြီးတိုက်ခိုက်ခဲ့တာပါ။ ဟိုနေ့ကတည်း အဲ့စစ်ကြောင်းပဲဝင်ဝရွာနားထိကပ်ပြီး ပြန်လှည့်သွားတာ ဒီနေ့ပြန်ထွက်လာမှာပဲဆိုပြီးအဖွဲ့တွေကစောင့်နေတာ ထွက်လာတော့ ပစ်ခတ်ကြတာလို့သူကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ရွှေကူအခြေစိုက် ခမရ ၆၀၂တပ် နဲ့  ခလရ ၅၆ တပ်ရင်း တို့ဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှု မနက် ၈နာရီခွဲ ကနေ မနက် ၉နာရီအထိမိနစ် ၃၀ ခန့်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အသေအပျောက်ရှိမရှိတော့မသိရသေးဘူး ဒဏ်ရာရတာတော့ရှိတယ်။ ဘယ်နှစ်ယောက်လဲတော့မသိဘူး ပြာယာတွေခတ်ပြီး အခုအားလုံးပြေးဝင်သွားကြပြီ အောက်လေးလမ်းဆုံအထဲဘက်ကို ခြေနေကတော့ပြန်ငြိမ်သွားပါပြီလို့ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ပြောပါတယ်။

စစ်ကောင်စိီတပ်ဟာ အောက်လေးလမ်းဆုံမှာ နိုဝင်ဘာလဆန်းပိုင်းလောက်ကတည်းက အင်အားအများအပြားနဲ့ ဂိတ်ထိုင်နေတာဖြစ်ပြီး လက်ရှိမှာတော့မနက်ကပစ်ခတ်ခံရမှုကြောင့် အောက်လေးလမ်းဆုံကနေ အရပ်သားပြည်သူသွားလာခွင့်စစ်ကောင်စီတပ်ဘက်က ပိတ်ထားတယ်လို့သိရပါတယ်။

ရွှေကူအခြေစိုက် ခမရ ၆၀၂တပ်နဲ့ ခလရ ၅၆ တပ်ရင်းတို့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ မတိုင်ခင်အထိ ရွှေကူမြို့အရှေ့ဘက် ခြမ်းကရွာတွေနဲ့အနောက်ဘက်ခြမ်းကကျေးရွာတွေဘက်ကို ပုံမှန်စစ်ကြောင်းထိုးပြီး အရပ်သားတွေဖမ်းဆီးတာ၊ နေအိမ်မီးရှို့တာတွေပြုလုပ်လျက်ရှိပေမယ့် နိုဝင်ဘာ နောက်ပိုင်းကနေတော့ ထိုးစစ်ဆင်တာတွေရပ်တန့်သွားခဲ့ပြီးနောက် ယခု စစ်ကြောင်းပြန်ထိုးဖို့ထွက်လာရာကနေတိုက်ခိုက်ခံလိုက်ရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button