သတင်း

စစ်တပ်အနေနဲ့ ကချင်ပြည်နယ်ထဲက အမြန်‌ဆုံးထွက်ခွာဖို့ KNF သဘောထားထုတ်ပြန်

ဇန်နဝါရီလ ၁၀ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ကျဆုံးရဲ့ဘော်များအားလုံးကို ဂုဏ်ပြုကြောင်းနဲ့ စစ်တပ်အနေနဲ့ ကချင်ပြည်နယ်ကနေ အမြန်ဆုံးထွက်ခွာပေးဖို့ Kachin National Forum က သဘောထားထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ခံခဲ့ရပြီး တရားမျှတမှုတွေရရှိအောင် ပြည်သူတွေအနေနဲ့လည်း ဆက်လက်လုပ်ဆောင်သွား စေလိုတယ်လို့ KNF ကတာဝန်ရှိသူတစ်ယောက်က ကိုပြောပါတယ်။

ကချင်ပြည်နယ်ဆိုပြီး စဖြစ်လာကတည်းက အခုချိန်ထိ ကျွန်တော်တို့တွေအနေနဲ့ တရားမျှတမှုတွေလည်း ဒီကနေ့ ဒီချိန်ထိ မရသေးဘူး၊ ဒါတွေကို အကုန်လုံးပြန်အမှတ်ရ ပြီးတော့ တရားမျှတမှုတွေရအောင် အမြဲတမ်း ကြိုးစားသွားစေချင်တယ် လို့ပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံး ကနေ အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင် ရွက်ပေးဖို့၊ ကချင်ပြည်နယ်နှင့် အခြားပြည်နယ်များအားလုံး မိမိကံကြမ္မာဖန်းတီးခွင့်နဲ့ ကိုယ်ပြဌာန်းခွင့် ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့၊ ပြည်သူလူထုတွေကို နှစ်ပေါင်းများစွာ နည်းလမ်းမျိုးစုံနဲ့ မတရားဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များအားလုံး ကချင်ပြည်နယ်အတွင်းကနေ အမြန်ဆုံထွက်ခွာပေးဖို့ ပြောဆိုထားတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ ရှေးနှစ်ပေါင်းမျာစွာ ဒူဝါစနစ်ဖြင့် အုပ်ချုပ်တဲ့ နယ်မြေဖြစ်သလို ၁၈၉၅ ခုနှစ်မှ စပြီး ဗြိတိသျှအစိုးရဟာ KACHIN HILL REGULATION အက်ဖြင့် တိုက်ရိုက်အုပ်ချုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ ကချင်၊ ချင်း၊ ရှမ်း တောင်တန်းဒေသတွေဟာ ဗြိတိသျှအစိုးရကနေ သီးခြားလွတ်လပ်ရေးမယူဘဲ ဗမာ့နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ပြည်မနဲ့အတူ ရယူဖို့အတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပင်လုံစာချုပ် ချုပ်ဆိုပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ () ရက်နေ့မှာ လွတ်လပ်ရေး အတူတကွ ရယူခဲ့ကြပါတယ်။

ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက် ဒီကနေ့ထိ နှစ်ပေါင်း (၈၀) နီးပါး ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေတဲ့အပြင် အဖက်ဖက်ကနေ ဖိနှိပ်ခံနေရဆဲဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မေ့လို့မရတဲ့ သမိုင်းဖြစ်တယ်လို့ KNF ကတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကချင်လူထုအနေနဲ့ ဆယ်စုနှစ်တစ်ခု စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်နဲ့မမေ့ဖို့ လိုအပ်ကြောင်း ဝိုင်းမော်မြို့မှာ နေထိုင်တဲ့ ကချင်နိုင်ကံရေးသမားတစ်ဦးကလည်း ခုလိုပြောပါတယ်။

ကျနော်တို့ကချင်လူထုတွေအနေနဲ့ စစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေကို ဘယ်တော့မှ မမေ့သလို ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရအောင် ကြိုးစားသွားရအောင်လို့ပြောပါတယ်။

KNF အနေနဲ့လည်း စစ်ကောင်စီ ကျရှုံးရေးအတွက် အဘက်ဘက်ကနေ လက်တွော ပါဝင်လှုပ်ရှားနေတာဖြစ်ပြီး ရှေ့ဆက်ပြီးတော့လည်း ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်က ဒီကနေ့မှာကျရောက်တဲ့ ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခန်းမမှာကျင်းပနေတာလည်း ဖြစ်ပါတယ်။

By – BU BU

Show More

Related Articles

Back to top button