【 ပြည်တွင်း 】တစ်ပတ်ရစ်ဖုန်းဈေးကွက်ခိုင်မာလာမှုကြောင့် ဖုန်းကာဗာသီးသန့်အရောင်းဆိုင်တွေ အလုပ်ဖြစ်နေ

【 ပြည်တွင်း 】တစ်ပတ်ရစ်ဖုန်းဈေးကွက်ခိုင်မာလာမှုကြောင့် ဖုန်းကာဗာသီးသန့်အရောင်းဆိုင်တွေ အလုပ်ဖြစ်နေ

မန္တလေးမြို့မှာ၊ တစ်ပတ်ရစ်(Second Phone)ဖုန်းဈေးကွက်ခိုင်မာလာမှုနဲ့အတူ၊ ဖုန်းကာဗာသီးသန့်အရောင်း ဆိုင်တွေ အလုပ်ဖြစ်လာကြတယ်လို့၊ မိုဘိုင်းဖုန်းဟန်းစက်ရောင်း၀ယ်ရေးလုပ်ငန်းအသိုက်အ၀န်းဆီကနေ သိရပါတယ်။
 
"ဒီနှစ်ထဲ သင်္ကြန်အပြီးလောက်ကစပြီး၊ ကာဗာ(Phone Cover)ဆိုင်တွေ များလာတယ်၊ ကနဦးတုန်းကတော့ မြို့သစ်မနော်ဟရီတကြောမှာ တစ်ဆိုင်စနှစ်ဆိုင်စနဲ့ပေါ့၊ အခုဆို တစ်မြို့နယ်မှာ ၁၀ ဆိုင်ထက်မနည်းဖြစ်လာ ပြီ၊ ရောင်းလည်းရောင်းရတယ်လေ" လို့ ဖုန်းကာဗာသီးသန့်အရောင်းဆိုင်တစ်ခုရဲ့၀န်ထမ်းတစ်ဦးကပြောပါတယ်။
 
တရုတ်နယ်စပ်လမ်းကြောင်းကတစ်ဆင့်၀င်ရောက်လာတဲ့ ဖုန်းကာဗာတွေဟာ၊ ဟန်းစက်အမျိုးအစားအလိုက် ဒီဇိုင်းစုံကာလာစုံအနေအထားဖြစ်တာကြောင့် သုံးစွဲသူတွေကြိုက်နှစ်သက်ကြတာကိုတွေ့ရပြီး၊ ဒီအတွက်လည်း ဖုန်းကာဗာသီးသန့်အရောင်းလုပ်ငန်းတွေ မန္တလေးမြို့မှာ တစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်လှစ်လုပ်ကိုင်လာကြတာပါ။
 
ပြည်တွင်းမှာ ဖုန်း Second ဈေးကွက်အရောင်းအ၀ယ်ခိုင်မာနေမှုကြောင့်လည်း၊ ဖုန်းကာဗာအရောင်းဆိုင်တွေ အလုပ်ဖြစ်နေကြတာလို့ သိရပါတယ်။
 
"User က ဖုန်းတစ်လုံး၀ယ်လိုက်ပြီဆိုတာနဲ့၊ ကာဗာတစ်ခုတော့မဖြစ်မနေ၀ယ်ကြတာပါပဲ၊ အရင်ကတော့ ဖုန်းဆိုင်တွေမှာတင်၀ယ်ကြတာ၊ အခုနောက်ပိုင်းကျတော့ ဖုန်းကာဗာသီးသန့်အရောင်းဆိုင်တွေကနေပဲ ၀ယ်ကြ တော့တယ်၊ အဲဒီမှာက အမျိုးအစားစုံတယ်လေ ကျွန်တော်တို့လို ဖုန်းအလဲအထပ်ဆိုင်တွေခိုင်မာလာတာကြောင့် လည်း ကာဗာဆိုင်တွေအလုပ်ဖြစ်နေကြတာ" လို့ Second ဖုန်းအရောင်းအ၀ယ်အလဲအထပ်၀န်ဆောင်မှုပေးတဲ့ ဆိုင်တစ်ခုရဲ့မန်နေဂျာက ပြောပါတယ်။
 
မန္တလေးမြို့မှာ ကာဗာနန်းတော် ကာဗာမန္တလာ ကာဗာကင်း အစရှိတဲ့ ဖုန်းကာဗာသီးသန့်အရောင်းဆိုင်ကြီး တွေအပါအ၀င်၊ ဖုန်းကာဗာအရောင်းဆိုင်ပေါင်းတစ်ရာ၀န်းကျင်ရှိနေတယ်လို့ မိုဘိုင်းဖုန်း အရောင်းဆိုင်တွေဆီကနေ သိရပါတယ်။
 
ကျော်ကျော်
 
မန္တလေး ၊ ဒီဇင်ဘာ ၁