Facebook Page Like များအောင် ပြုလုပ်နည်း

ယနေ့ခေတ်ဟာ အွန်လိုင်း ခေတ် ဖြစ်လာပါပြီ။ မိမိတို့ရဲ့ စီပွားရေး လုပ်ငန်းတွေဟာ အွန်လိုင်းစာမျက်နှာ များအဖြစ် ပြောင်းလဲ လာပါပြီ။ Website တွေ Social Media တွေရဲ့ ဦးဆောင်မှု့တွေ ယူပြီး ဖြန့်ဖြူးခြင်း၊ဝန်ဆောင်မှု့ပေး ခြင်းများ ပြုလုပ်မှ သာ မိမိ ပြိုင်ဘက်များထက် ခြေတစ်လှမ်းမက သာနေမှာ အမှန်ပင်ဖြစ်ပါတယ်။ အခု ကျနော် မျှဝေပေးချင်တဲ့ တစ်ခုက Facebook Page မှာ ဘယ်လိ Likes များအောင် လုပ်မလဲပေါ့။ Likes များ အောင်လုပ်တဲ့နေရာမှာ ကျနော် လေ့လာမိသလောက် နှစ်မျိုးနှစ်စားရှိပါတယ် ။ Facebook ရဲ့ Ads (ကြေငြာဝန်ဆောင်မှု့) တွေ ကို အသုံးပြုပြီး Likes ရှာဖွေ တာနဲ့ Facebook Page ကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ Content Creator (or) Admin ကောင်းကောင်းတစ်ယောက် ဌားပြီး ရှာခိုင်းတာနဲ့ နှစ်မျိုးရှိပါတယ်။

ဒါပေမဲ့ Page တွေ စစချင်းများ Like များဖို့ ခက်ခဲ့ပါတယ်။ မိမိ page ထောင်တဲ့ သူအနေနဲ့ မိမိ သူငယ်ချင်းတွေကို Invite to like ( မိမိ page ကို like လုပ်ဖို့ ဖိတ်ခေါ်ခြင်း) လုပ်နိုင်ရင်း ရှာဖွေနိုင်ပေမဲ့ စီးပွားရေး သမားအနေကနေ စဉ်းစားရင် Like များတာပဲရှိပါမယ် ။ အဲဒီ သူငယ်ချင်းတွေက မိမိ page ရဲ့ (သို့) လုပ်ငန်းရဲ့ ဖောက်သည် မဖြစ်နိုင်ပါဘူး။ ဥပမာ – page ဟာ အမျိုးသမီး တွေအတွက် ရည်ရွယ်ပြီး ရောင်းချတဲ့ ပစ္စည်းတွေ ဖြစ်ပေမဲ့ မိမိ ဖိတ်ခေါ်ပြီး like ခိုင်းတဲ့သူတွေအများစုဟာ အမျိုးသားတွေ ဖြစ်နေရင် စိတ်ဝင်စားမှု့ နည်းသွားပါလိမ့်မယ်။ ဒါ Right Customer မဖြစ်နိုင်ပါဘူး။ မိမိ page ကို အမျိုးသမီးအများစု ကို ရှာဖွေဖို့ဆိုရင် Facebook Ads services ကို အသုံးပြုရပါလိမ့်မယ်။ ဒီအတွက် ဘယ်လို လုပ်ရမဲ့ဆိုတဲ့ အလွယ်ဆုံး (လူတိုင်း လုပ်နိုင်မဲ့) နည်းကို အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး လိုအပ်တဲ့ ပစ္စည်း ကတော့…

Master Card (or) Visa Card ပါ။ ခုချိန်မှာ Website တိုင်း အသုံးပြုခွင့်မရသေးပေမဲ့ Facebook မှာ အသုံး ပြုလို့ရပါတယ်။ အဲအတွက် အဲဒီလို ကဒ်တစ်ခုလောက် ပြုလုပ်ထားဖို့လိုပါမယ်။ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့အချက်အလက်များကို ဒီမှာ နဲ့ ဒီမှာ ဖတ်ရှု့နိုင်ပါတယ်။ ဘဏ်နှစ်ခု ကိုသာ ယှဉ်ပြပေးထားပါတယ်။
ဒုတိယအဆင့် ထိုကဒ် တစ်ခုခုရရှိပြီဆိုရင် မိမိ သုံးမဲ့ amount ကို တစ်ခါတည်းသွင်းထားဖို့လိုပါတယ်။ ဥပမာ $100 (or) $200 ပြီးပါက အောက်က ပုံတွေအတိုင်း အဆင့်ဆင့် ပြုလုပ်နိုင်ပါ။
အရင်ဆုံး Facebook Ads Service Link ကို အရင်သွားလိုက်ပါ။ ဒီနေရာ (https://www.facebook.com/ads/manager/) ကို နှိပ်ပါ။ အဲမှာ ဘယ်လို ကြေညာနည်းတွေရှိတယ်ဆိုတာ တွေ့ပါလိမ့်မယ်။ အဲထဲက Promote you Page ကိုရွေးပါ။
Create AD account လုပ်ရပါမယ်။ မိမိအသုံးပြုမဲ့ currency တွေရေးပြီးတာနဲ့ create လုပ်ရုံပါပဲ။
အောက်က ပုံတွေ အတိုင်း စမေးပါလိမ့်မယ်။

 

အဲမှာ မိမိ Target ထားချင်တဲ့ Age , Gender , Location တွေ ရွေးပြီး budget ထည့်ရပါမယ်။ budget ဆိုတာ တစ်နေ့ ဘယ်လောက် သုံးမယ် (၁၀) ရက်စာ စသဖြင့်ပေါ့။

facebook boost
ဒါက နမူနာပါ။ တစ်နေ့ 5$ ထည့်ရင် သူအောက်မှာ တွက်ပြထားပါတယ်။ 65 ကနေ 261 ယောက်ထိ likes ရနိုင်ပါတယ်။ (အကြမ်းတွက်ပြတာပါ) တစ်ခါတစ်လေ 65 ယောက်ပဲ ရနိုင်သလို တစ်ခါတစ်ခါ အဲကြားထဲ ရနိုင်ပါတယ်။

facebook like

မိမိ သက်ဆိုင်ရာ များကို ရွေးပြီးပြီဆိုရင်တော့ Boost လုပ်လိုက်ရုံပါပဲ ။ Facebook က စီစစ်ပြီးတာနဲ့ Sponsored ဆိုတဲ့ ပုံစံနဲ့ မိမိ target ထားမဲ့ သူများစီ ရောက်သွားမှာပါ။

facebook boost

မှတ်ချက်။ ဒီအနေအထားတွေဟာ မိမိ page အခြေအနေ target အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ Facebook က တွက်ချက်ပေးတဲ့ ပေါ်မူတည်ပြီး မှန်းလို့ရပါတယ်။ တစ်ချို့ အဆင့်များ နားမလည်ခဲ့ရင် comment မှာ လာမေးလို့ရပါတယ်။နောက် တခြား နည်းလမ်းများကိုလည်း မျှဝေပေးသွားအုံးမှာပါ။ အဆင်ပြေကြပါစေ။

#waiyanthwin #fbpost #sponsored #boost #facebook

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles