ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ABSDF သဝဏ်လွှာပေးပို့

0
66

မော်လမြိုင် – ဇန်နဝါရီ ၁၁

၈၆ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ  ဒီမိုကရက်တစ်တပ်ဦး ABSDF က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဒီနေ့ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးမှာ ကရင်အမျိုးသားတစ်ရပ်လုံး ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စေဖို့ ABSDF က ဆုတောင်းပေးထားပါတယ်။ 

ကရင်အမျိုးသားထုကြီးရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ဒီမိုကရေစီရရှိရေး၊အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအပါအဝင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး နိုင်ငံရေး ရည်မှန်းချက်တွေ ချမှတ်ခဲ့နိုင်တာနဲ့ ပတ်သက်ပြီး မကြာခင် ကဗျည်းထိုးနိုင်လိမ့်မယ် လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် နွေဦးတော်လှန်ရေးကာမှာ ကရင်အမျိုးသားထုရဲ့ နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး လှုပ်ရှားမှုတွေမှာလည်း ကရင်မျိုးသားထု တခုလုံးအတွက် သမိုင်းစာမျက်နှာအသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် နှစ်ထောင်အားရဖြစ်မိတယ်ဆို့ ဆိုထားပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်တော်လှန်ရေး၊စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းစဉ်တလျှောက် လုံးမှာ ကရင်အမျိုးသားတွေရဲ့ တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ လှုပ်ရှားမှုကြီးတွေဟာ ကြီးမြတ်သလို ရဲဝံ့စွန့်စားစွာ တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည် ကရင့်အမျိုးသားခေါင်းဆောင်ကြီးတွေ၊ ရဲဘော်တွေနဲ့ ကရင်အမျိုးသားထုတို့ကို မကဒတ ရဲဘော်တွေက ဦးညွတ်အလေးပြုတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ABSDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.