spot_imgspot_imgspot_imgspot_img
Saturday, June 8, 2024
spot_imgspot_imgspot_imgspot_img

ယနေ့ လွိုင်ကော်မြို့ ဥတ္တရာရုံကျောင်းတိုက်မှာ လက်နက်ကြီးကျပြီး ကိုရင်နှစ်ပါး ပျံလွန်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် လွိုင်ကော်မြို့လယ်မှာရှိတဲ့ ဥတ္တရာရုံကျောင်းတိုက်မှာ ဒီကနေ့ ( နိုဝင်ဘာလ ၁၉ ရက်နေ့ ) မနက်ပိုင်းမှာ လက်နက်ကြီးကျရောက်ပြီး ကိုရင်နှစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“အဲဒီဘုန်းကြီးကျောင်းကို လက်နက်ကြီးကျတာ ကျောင်းကို တည့်တည့်ကျတာ။ အဲဒီကျောင်းမှာရှိတဲ့ ကိုရင်နှစ်ပါးကတော့ ပျံလွန်သွားပြီ။ တခြားစစ်ရှောင်တွေလည်း ရှိတယ်။ ဒါပေမယ့် တခြားထိခိုက်မှုတော့ မသိသေးဘူး။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောင်းတိုက်ရဲ့ အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးသွားတာတွေရှိနေပါတယ်။ လွိုင်ကော်မြို့က ဒေါဥခူရပ်ကွက်ဘက်မှာလည်း မနက်ပိုင်းကစ မီးခိုးငွေ့တွေ့နေရပြီး နေအိမ်တချို့မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လွိုင်ကော်မြို့မှာ နို၀င်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်အတွင်းမှာလည်း လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှာလည်း စစ်ရှောင်သွားတဲ့ အိမ်စီးကားတစ်စီး လမ်းမှာ ပစ်ခတ်ခံရပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

(၁၁.၁၁) စတင်တဲ့ နို၀င်ဘာလ ၁၁ ရက်နေ့ကစပြီး ၉ ရက်မြောက်တဲ့အထိ လွိုင်ကော်မြို့မှာ ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းပစ်ခတ်မှုကို အဆမတန် အသုံးပြုတိုက်ခိုက်နေတာပါ။

ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ ကယ်ဆယ်ရေးဆောင်ရွက်တဲ့အဖွဲ့တွေရဲ့စာရင်းအရ ၁၁.၁၁ စစ်ဆင်ရေးအတွင်း အရပ်သားသေဆုံးသူမှာ ၅၀ ထက်မနည်းရှိနေပြီး လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူမှာ အများဆုံးဖြစ်ပါတယ်။

spot_img
spot_img

Recent posts